Wednesday, February 6, 2013

မယ်ဇလီပင် အောက်က ကောင်မလေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju3YKcnx_2ZzMKhyCqIfIJbvRPNYCF1UUIr9_GD_89Fm0oaICj7Jum__krnLOnDjgf5J7ZLTfNh5vUcA_EPtI8-D9Jdhllu5e_pzx4fMXGO9btOZMrTe74qCtz5y-novwuJ8p5mhB1gsHM/s400/2552.jpg
လွန်ခဲ့တဲ့ ဆယ်စုနှစ်၂ခုကပေါ့ " တကောင်းမြို့ဟောင်းမှ ကြိုဆိုပါ၏" လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို သေချာ စိုက်ကြည့်နေတဲ့ ၆ နှစ် အရွယ် ကလေးမလေးကို သူ့အဘွားက ပုခုံးလေးကို လှမ်းဖက်လိုက်ရင်း... ဒါ တကောင်းပဲ သမီး လို့တခွန်း ပြောရင်း ဆွဲခေါ်သွားခဲ့တယ်....

ဥသြဆွဲပြီးထွက်စပြုနေတဲ့ "ပိတောက် ''သဘောင်္ကြီးကို လည်ပြန်ငေးရင်း အဘွားနောက်ကနေ လိုက်ပါသွားခဲ့ပါတယ်။ ဖြူဖြူမွမွသဲပြင်ပေါ် ခြေလှမ်းလိုက်တိုင်း ခြေဖမိုး အထိနစ်မြှပ်သွားသော ကြောင့် စီးထားသောဖိနပ်မှာ ခဏတိုင်းကျွတ်နေသဖြင့် ဖိနပ် ချွတ်လိုက်ချင်သောလဲ..သဲပြင်ထူထူက ပူလှတာကြောင့် အပူ နည်းနည်းသက်သာအောင် ပေစီးခဲ့ချေ လို့ ပြောသော အမေကြီးစကားကို မလွန်ဆန်ဝံ့ပါ မက် စောက်လှသော မြစ်ဆိပ် အတတ်လမ်း မှာ အမြင်လှသောလဲ အတွေ့မှာ ခက်ခဲလှသဖြင့် တော်တော်နှင့် မရောက်နိုင်ဟု ထင်မိသည်။

မြစ်ဆိပ်အတက်မှ မြေနီနီလမ်းလေးက သိပ်မကျဉ်းသော်လည်း ဘေးဘီဝဲယာမှာ ပေါက်နေသော သစ်ရိပ်ပ်ဝါးရိပ်ကြောင့် ပိုပြီး ကျဉ်းနေသယောင် ထင်မိသည်...
ထိုမြေနီလမ်းလေး အဆုံးတွင်....................
ရေနံချေးဝနေသော ၂ ထပ် အိမ်ကြီးက ဟီးနေတာ....ပိတောက်၊ သနပ်ခါး ၊သရက် ပင်တွေနဲ့ မယ်ဇလ်ီပင်တွေကို အထူးအဆန်းလို ငေးနေမိတယ်....
အာကာထွန်းဘောင်းဘီနဲ့ ပွရောင်းရောင်း အကျီ င်္ ကို ၀တ်ဆင်ထားတဲ့ ကလေးမကို အဘွားက...
သမီး ညည်းအခု အမေကြီးနဲ့တူတူနေရမယ် ဒီမှာသမီးအမတွေရှိတယ် သူတို့နဲ့ကစား (၀မ်းကွဲတွေပါ အားလုံး အပျိုပေါက် အရွယ်တွေမို့ အမေကြီးကသာ သူတို့နဲ့ကစားလို့ပြောတာ အခုထိသူတို့နဲ့တခါမှ မကစားဖူးပါဘူး) ရန်ကုန်မှာလို လက်လက်ထအောင် မဆော့ရဘူးနော်...ပြီးတော့......

မဆုံးနိုင်တဲ့အဘွားရဲ့စကားတွေ၊ မှာတန်းတွေကို နားထောင်ရင်း ရန်ကုန်ကနေ ရထား တညအိပ်စီး၊သဘောင်္ ၂ရက် စီးလာတဲ့ ကောင်မလေးခမျာ အိပ်ပျော်သွားတာပေါ့..။

အိပ်ရာကနိုးတယ် ဆိုရင်ပဲ အဘွားလုပ်တဲ့သူက "သမီးနိုးပြီလား နေတောင် အတော်မြင့်နေပြီ နှစ်ချက်တီးလောက်ကို ရှိပြီမှတ်သဟာပဲ.. ကဲ လာ အမေကြီး ရေချိုးပေးမယ်.."

ကလေးမလေးကို ရေချိုးပေး ထမင်းကျွေးပြီး ..အဘွားကပြောတယ်..သမီးကို ဒီမှာ ကျောင်းဆက်တက်ဖို့ အမေကြီး သွားလုပ်လိုက်ဦးမယ်။ သမီး ပျင်းရင်ခြံထဲ ဆင်းကစားနော်.... ။"

ပြောပြောဆိုဆို အဖွားက ရုတ်တရက်ဆိုသလို ထွက်သွားရော...။

ကလေးမလေးလဲ တိတ်ဆိတ်နေတဲ့ နေ့လည်ခင်းမှာ အိမ်ရှေ့ ခြံစည်းရိုးစပ်နားက မယ်ဇလီ ပင်အောက်မှာတယောက်ထဲ ထိုင်ပြီးကစားနေတာပေါ့..။

အဒိအချိန်မှာပဲ......................................
"သဟာက...မတင် ရဲ့မြေးလေး လား?
ညည်း ကို မတင်ခေါ်ခဲ့တာလား။
ရန်ကုန်က တခြားဘယ်သူပါလာသေးလဲ" ..ကလေးမလေးကိုလူကြီးတစ်ယောက် လာနှုတ်ဆက်တယ်...

အနီးအနားငှက်အော်သံကလွဲလို့ ဘာသံမှမရှိ လူသူတိတ်ဆိတ်နေချိန် ဘဘကြီးတယောက်ကလာနှုတ်ဆက်တော့ကလေးမလေးက ရုတ်တရက် လန့်သွားတယ်။
ထိုဘဘကြီးက ဆက်ပြီး
"သဟာနဲ့ ညည်းအဘွားရော အစီမ "လို့ မေးလိုက်တယ် ဆိုရင်ပဲ
"ငါ့ကို ဘယ်လို.....ဘာမ....ဘာမ လို့ ဆဲလိုက်တာပါလိမ့်.".ကလေးမလေးက စိတ်နည်းနည်းဆိုးသွားတယ်။ ဘဘကြီးက ထပ်ပြီး ခါးကြီး ကိုင်းကာ မျက်လုံးပြူးပြီး သူ့ကိုကြည့်နေတဲ့ကလေးမလေးကို

"အစီမ ညည်းအမေ မတင်ရော..."
ဒါတော့တော်တော်လွန်နေပြီ ဒီဘဘကြီးက တော်တော် လွန်နေပြီ။ ငါ့ကိုဆဲတယ်..
ကလေးမလေးက ခပ်တည်တည်လေး ပြန်ပြောလိုက်တယ်
" ဘဘကြီး ကျမကိုမဆဲပါနဲ့ အမေကြီး ကိစ္စရှိလို့ အပြင်သွားတယ်.."
"ကိစ္စ...ဟုတ်လား"
"ဟုတ်တယ်"

နဂိုထဲက ခပ်စွာစွာ ကလေးမလေးက သူ့ကို အသလွတ် အစီမ ဆိုပြီး လာဆဲနေတဲ့ ဘဘကြီးကို အမြင် မကြည်တော့ပါ..

"ဘဘကြီးက ညည်းကို မဆဲပါဘူး..ဘယ်မှာ ဆဲဆိုပြောလို့တုံး အစီမရဲ့။ ထားပါ သဟာက..အင်း.. အရေးမကြီးပါဘူး။ သဟာနဲ့ ဘယ်သူ့ ကိစ္စတုံး "

"ဒါတော်တော်လွန်လာပြီပဲ..တော်တော်စိတ်တိုလာပြီ..ဒီလူကြီး ငါ့ကို ဆဲတယ်၊ ဆဲနေပြီး မဆဲဘူးတဲ့။ ဗြောင်လည်းညာတယ်.."

ကလေးမလေးကစိတ်ကလည်း တအားတိုနေပြီ။ မျက်ရည်တွေကျတော့မယ်... လူကြီး ဆိုတော့ပြန်ဆဲရင် လူကြီးကို ပြန်ပြောရင်လဲ အမေကြီးက ရိုက်မှာ၊ အဆဲခံရလို့ဝမ်းနည်းတာရော..ဒေါသထွက်တာရော..နေရာအစိမ်းမှာ မမြင်ဖူးတဲ့လူက လာပြီး ဆဲပြီး ပြောနေတော့ နည်းနည်း ကြောက်တာပေါ့ အဲဒါတွေ အားလုံးပေါင်းတော့ ငိုချင်လာတော့ မျက်လုံးက ရဲရဲနီနေပြီ။ မျက်ရည်မကျ အသံမတုန်အောင် ထိန်းပြီး ...ကလေးမကအသံကုန် အော်ပြောလိုက်တယ်....

"သမီးကိစ္စပေါ့..."
စကားလည်း ဆုံးရော..အဒိဘဘကြီး တုန်ရီကြောက်ရွံ့ ဟန် နဲ့ပါးစပ်ကြိး ဟပြီး အထစ်ထစ် အငေါ့ငေါ့နဲ့
"ညည်းကိစ္စ ဟုတ်လား..ညည်း... ဘုရား..မြတ်စွာဘုရား....(..............)"တုန်ရီစွာနဲ့ ထွက်ပြေးသွားပါတယ်...

နားမလည်နိုင်ခြင်းများစွာနှင့်အတူ ၀မ်းနည်းခြင်း ကြောက်ရွံ့ခြင်းတွေ တပြိုင်နက်ထဲ ခံစားနေရတဲ့အထဲ ကဆုန်ပေါက်ပြီး ထွက်ပြေးသွားတဲ့ ဘဘကြီးကို ဘာဖြစ်သွားတာပါလိမ့် ဆိုပြီး သူရဲ့အသိ မကြွယ်သေးတဲ့ ဥာဏ်လေးနဲ့တွေးငေးရင်း မယ်ဇလီပင် အောက်မှာ ကလေးမလေးဟာ ကြူကြူပါအောင် ငိုနေ လေရဲ့...........

အဖွားက ပြန်လာတော့ငိုနေတဲ့ ကလေးမလေးကို မေးတာပေါ့..ဘာဖြစ်သတုံးပေါ့.... ရှိုက်သံတွေ ဗလုံးဗထွေးနှင့် လိပ်ပတ်လည်အောင် မနည်းရှင်းနေတဲ့မြေးမလေးကို ဖက်ရင်း တသိမ်ကသိမ့်ရယ်နေတဲ့အဖွားကို နားမလည်သလိုနှင့်ချက်ချင်း အငို ရပ်သွားတယ်...

သူ အဖွား ဘာကိုရယ်တာလဲ နားမလည်ပင်မယ့် အဖွား၏ ရယ်သံက သူ့ဝမ်းနည်းတဲ့စိတ်...ကြောက်တဲ့စိတ်တွေကို ယူဆောင်သွားလိုက်ပါပြီ။

ှ အဖွားက "သမီး အလိုမပြောရဘူး။ ကိစ္စဆိုတာ ရွာဓလေ့ ထုံးစံအရ နာရေးကိုပြောတာကွဲ့ လို့ ပြုံးနေတဲ့ မျက်ဝန်းနဲ့ ရှင်းပြပါတယ်၊ အစီမ ဆိုတာ ကောင်မလေးလို့ပြောတာ ငါ့သမီးကို ဆဲတာ မဟုတ်ရိုးပါကွယ်" ဟု ရှင်းပြတော့ ကလေးမလေးက သဘောပေါက်နားလည်သွားပုံနှင့် အဖွားလုပ်သူကို အားပါးတရပြန်ရီပြလိုက်ပါသည်..။

မသိ နားမလည်သေးတဲ့ ကလေးတစ်ယောက် ရဲ့ မထင်မှတ်တဲ့ တကယ့် အဖြစ်အပျက်လေး တစ်ခု ပါ ။ အဒိကလေးမလေးရဲ့ အမှန်တရားတခုပါ.....

ဒီအဖြစ်လေးကို ဘောပင်ကိုင်ပြီး စာရွက်ထဲ ချရေးနေတဲ့ ကျမက တကောင်းမြေပေါ်က ကျမ အချစ်ဆုံး သူငယ်ချင်း ကျမအချစ်ဆုံး ရင်ဖွင့်ဖော် ကျမ အပေါ် အမြဲ အရိပ်ပေးအေးမြစေခဲ့တဲ့ မယ်ဇလီပင်ရဲ့ အောက် မှာ ငိုနေတဲ့ ကောင်မလေးကို ပြုံးပြီး မကြောက်ပါနဲ့နော် ..မငိုပါနဲ့ ဒါက အလွဲ ဟာသလေးတခုပါ..မငိုနဲ့ပြုံးလိုက် စမ်းပါ.. လို့ အားပေးနေမိပါတယ်.. ဟိုတချိန်က အဖြစ်ပျက်ဟောင်းလေးတွေ ဟာ မနေ့တနေ့ကလိုပါပဲ ။

ရွာဓလေ့အရ .... ကိစ္စဆိုတာ ရွာမှာ လူသေတာကိုခေါ်တာ ဖြစ်ပါတယ်...မောင်ဖြူ့ နာရေးဆိုရင် မောင်ဖြူကိစ္စလို့ပြောတာတယ်လေ... အစီမ ဆိုတာကတော့ မိန်းမငယ်(ကလေးမလေး)..ပေါ့။ ရွာမှာ ကလေးငယ် ကောင်မလေးငယ်ငယ်လေး ဆိုရင် အဲဒီလိုခေါ်တယ် ..ကောင်လေးတွေဆို ဖိုးသားလို့ ခေါ်တယ်။

.......လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ ခု နီးပါးက မယ်ဇလီပင်အောက်မှာ မျက်ရည် အပြည့်နဲ့ကောင်မလေးတယောက်ရဲ့ အလွဲ၊ အသက် ၆၀ နီးပါး ဘဘကြီး ဘိုသာရဲ့ အလွဲကို အခုအထိ ရီစရာတခုအဖြစ်နဲ့ရော လွမ်းစရာတခုလိုရော ပြောစမှတ်ရှိနေတုံးပါပဲလေ... အခုတော့ ဘဘကြီးဘိုသာ ဆုံးသွားခဲ့ပါပြီ..ဒါပင်မဲ့ ရွာမှာတော့...
"အဖေကြီး ဘိုးသာရယ် မမလေး ရွာရောက်ခါစ တုန်းကလေ ဆိုပြီး စကားစပ်တိုင်းပြောနေတုံးပါပဲ။၊"

အမှန်တော့ ၆ နှစ် သမီး အရွယ်က အကြောင်းတွေအ သေးစိတ်တော့အားလုံး မမှတ်မိဘူး..သိပ်မလှတဲ့ငယ်ငယ်ဘ၀ကို မှတ်လဲ မှတ်မထားချင်ပါဘူး။ ဒါပင်မဲ့ ဒီအလွဲလေးကိုတော့ မှတ်မိနေတယ်လေ....ရွာက လူကြီးတွေ အမြဲ ရီစရာတခုလို ပြောနေလို့မှတ်မိနေတာ နဲ့ တူပါတယ်..........။

ချစ်သော
ရွှေသခင်မလေး

ဘုရင်မ ရှင်စောပု၏ ခေါင်းဆောင်းတော်


 ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။

ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီးလန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ်  ပြတိုက်၌
ယခုထက်တိုင် ပြသလျှက်ရှိသည်။

Sunday, September 2, 2012

ဆန္ဒ


သက်မဲ့ငါ

အဆိပ်ခပ်ထားတဲ့ လူတွေရဲ့ မျက်လုံးတွေ..

ပျက်စီးနေတဲ့ အနားသပ်တွေကို မက်မောနေတဲ့ငါ

ဘောင်ကိုကျော်ခွနေတဲ့နင်....

လောသူကလောကသူက

အိမ်နောက်ဖေးမှာမသာချနေတယ်

အိမ်ရှေ့မှာဆိုင်းဝိုင်းခင်းထားတယ်

ခပ်ပြုံးပြုံးနှုတ်ခမ်းမှာယင်ကောင်တွေအုံနေတယ်.....

ညှီနံ့ထွက်နေတဲ့စကားသံတွေက

သွေးချောင်းစီးနေတဲ့နှလုံးသားတွေကို

တိတ်တဆိတ်ချော့သိပ်နေလေရဲ့............

အပျိုမရဲ့နတ်ဘုရားအတွက် စတေးဖို့

အရီ နဲ့ အငို ကို တောင်စွယ်မှာ

ချည်နှောင်ပြီးထားရစ်ခဲ့တယ်...။ ။
.
.

ချစ်သော
ရွှေသခင်မလေး
53း1AM(20/7/2012)

မာယာ

မာယာ
အချစ်ဆုံးဆိုတာ
အချစ်တွေဆုံးတာတဲ့လား ဟန်ဆောင်စကားတွေပြောတတ်တဲ့နင့်ကြောင့်
ဟန်ဆောင်အပြုံးတွေ ခြွေတတ်ခဲ့ပြီ
မှန်လိုစိတ်မျိုးနဲ့
နင့်စိတ်ကိုယောင်ပြန်ဟတ်ခဲ့တာ
ခုခဏအတွင်းမှာပဲ
ငါဟာပုံရိပ်ရောင်ဆိုတာ
အသိဝင်ခဲ့တာပါ ....မာယာ.....

                                                                                     ချစ်သော
                                                                                      ရွှေသခင်မလေး

အရောင်မဲ့ အလွမ်း

အရောင်မဲ့ အလွမ်း
ကာရံမပါတဲ့ ကဗျာ က
သံစဉ် ထည့်တိုင်းသီချင်းဖြစ်နေတယ်
အလွမ်း ရေ ကျဲကျဲကို
venus  အတွက် သိမ်းထားတယ်
အလင်းနှစ် များစွာဝေးနေတဲ့
နှုတ်ခမ်းထူထူ ကို
တိမ်မျှင် တွေ က
လွမ်းလို့တဲ့လေ..
...............
ချစ်သော
ရွှေသခင်မလေး
8း52AM
2.9.2012

ထားခဲ့ခံရသူ

ထားခဲ့ခံရသူ



ချစ်သူ
တွဲလာတဲ့လက်တွေကို
အေးစက်စက် ဖြစ်အောင် နင်ကထုတ်ဖယ်လို့
နေခဲ့တော့လို့ပြောတဲ့အခါ
ဒြပ်ရှိငါကခြေစုံရပ်လို့ကျန်ခဲ့ပင်ပဲ့
ဒြပ်မဲ့ငါက နင့်နောက်ကိုပြေးလိုက်သွားတယ်လေ...

လွမ်းတသခြင်းများစွာဖြင့်
ရွှေသခင်မလေး
7:41AM
2/9/2012