Sunday, September 2, 2012

ဆန္ဒ


သက်မဲ့ငါ

အဆိပ်ခပ်ထားတဲ့ လူတွေရဲ့ မျက်လုံးတွေ..

ပျက်စီးနေတဲ့ အနားသပ်တွေကို မက်မောနေတဲ့ငါ

ဘောင်ကိုကျော်ခွနေတဲ့နင်....

လောသူကလောကသူက

အိမ်နောက်ဖေးမှာမသာချနေတယ်

အိမ်ရှေ့မှာဆိုင်းဝိုင်းခင်းထားတယ်

ခပ်ပြုံးပြုံးနှုတ်ခမ်းမှာယင်ကောင်တွေအုံနေတယ်.....

ညှီနံ့ထွက်နေတဲ့စကားသံတွေက

သွေးချောင်းစီးနေတဲ့နှလုံးသားတွေကို

တိတ်တဆိတ်ချော့သိပ်နေလေရဲ့............

အပျိုမရဲ့နတ်ဘုရားအတွက် စတေးဖို့

အရီ နဲ့ အငို ကို တောင်စွယ်မှာ

ချည်နှောင်ပြီးထားရစ်ခဲ့တယ်...။ ။
.
.

ချစ်သော
ရွှေသခင်မလေး
53း1AM(20/7/2012)

မာယာ

မာယာ
အချစ်ဆုံးဆိုတာ
အချစ်တွေဆုံးတာတဲ့လား ဟန်ဆောင်စကားတွေပြောတတ်တဲ့နင့်ကြောင့်
ဟန်ဆောင်အပြုံးတွေ ခြွေတတ်ခဲ့ပြီ
မှန်လိုစိတ်မျိုးနဲ့
နင့်စိတ်ကိုယောင်ပြန်ဟတ်ခဲ့တာ
ခုခဏအတွင်းမှာပဲ
ငါဟာပုံရိပ်ရောင်ဆိုတာ
အသိဝင်ခဲ့တာပါ ....မာယာ.....

                                                                                     ချစ်သော
                                                                                      ရွှေသခင်မလေး

အရောင်မဲ့ အလွမ်း

အရောင်မဲ့ အလွမ်း
ကာရံမပါတဲ့ ကဗျာ က
သံစဉ် ထည့်တိုင်းသီချင်းဖြစ်နေတယ်
အလွမ်း ရေ ကျဲကျဲကို
venus  အတွက် သိမ်းထားတယ်
အလင်းနှစ် များစွာဝေးနေတဲ့
နှုတ်ခမ်းထူထူ ကို
တိမ်မျှင် တွေ က
လွမ်းလို့တဲ့လေ..
...............
ချစ်သော
ရွှေသခင်မလေး
8း52AM
2.9.2012

ထားခဲ့ခံရသူ

ထားခဲ့ခံရသူ



ချစ်သူ
တွဲလာတဲ့လက်တွေကို
အေးစက်စက် ဖြစ်အောင် နင်ကထုတ်ဖယ်လို့
နေခဲ့တော့လို့ပြောတဲ့အခါ
ဒြပ်ရှိငါကခြေစုံရပ်လို့ကျန်ခဲ့ပင်ပဲ့
ဒြပ်မဲ့ငါက နင့်နောက်ကိုပြေးလိုက်သွားတယ်လေ...

လွမ်းတသခြင်းများစွာဖြင့်
ရွှေသခင်မလေး
7:41AM
2/9/2012

Saturday, September 1, 2012

ငါ့ ရဲ့ည

တိတ်ဆိတ်တဲ့ကော်ဖီ ရဲ့
ညည်းငွေ့ညလည်ခင်းမှာ
'လ'နွေးနွေး ပုံရိပ် ကို
ဆေးလိပ်တိုက ပုံတူဆွဲလို့
ညပန်းချီ လို့ အမည် ပေးလိုက်တယ်
ငါ့ရဲ့ည ရယ်..
အလင်းတ၀က်ကို
ဘာလို့များဝှက်ထားရတာလဲ...
..
ရွှေသခင်မလေး

2:10PM
1.9.2012